International News

ငွေကြေးကဏ္ဍအကြပ်အတည်းများအား စီးပွားရေးမူဝါဒချမှတ်သူများမှ ဖြေရှင်းပေးလျက် ရှိခြင်း

Last Updated:

COVID-19 ကြောင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကျပ်အတည်းများဖြစ်ပေါ်လျှက်ရှိပြီး ငွေကြေးကဏ္ဍအပေါ် ရိုက်ခတ်မှုများ ဖြစ်ပေါ်လျှက်ရှိရာ အာရှ-ပစိဖိတ် ဒေသရှိ စီးပွားရေးပညာရှင်များက ငွေကြေးကဏ္ဍအတွက် ထိခိုက်မှုနည်းပါးစေရန် တွန်းအားပေးဆောင်ရွက်လာကြောင်း၊ အမေရိကန်နှင့် ဥရောပနိုင်ငံတို့မှ ငွေကြေး အကျပ်အတည်းအတွက် သုံးစွဲမှုအပေါ် စစ်တမ်းကောက်ယူရာတွင် ဂျပန်၊မလေးရှား၊ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၌ ငွေကြေးစီမံခန့်ခွဲမှုများမှာ အဆိုပါနိုင်ငံများ၏ ဂျီဒီပီနှင့် နှိုင်းယှဉ်လျှင် သုံးစွဲမှုနှုန်းမှာ တူညီလျှက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ဒေသအစိုးရများအနေဖြင့် စီးပွားရေးကို ပထမဦးစားပေးဆောင်ရွက်နေခြင်းသာမက ပြည်သူများ၏ ကျန်းမာရေးကဏ္ဍကိုလည်း ကြည့်ရှုစောင့်ရှောက်သင့်သည်ဟု အာရှနိုင်ငံများမှ စီးပွားရေးပညာရှင်များက ပြောကြားခဲ့ကြောင်း၊ COVID-19 ကူးစက်မှု များဆက်လက်ဖြစ်ပွားနေလျှင် အတိုးနှုန်းလျေှာ့ချပေးခြင်းမှာ ကြီးမားသည့်သက်ရောက်မှုမဖြစ်နိုင်ကြောင်း၊ ငွေကြေးထောက်ပံ့မှုများဖြင့် စီးပွားရေး ကောင်းမွန် ရန်ထိန်းထားနိုင်မည်ဖြစ်ပြီး ထိခိုက်မှုများအား လျော့နည်းသက်သာစေနိုင်ကြောင်း၊ သို့သော် COVID-19 ကူးစက်မှုများ အရှိန်မြင့်တက်နေလျှင် ပြည်သူများအပြင် ထွက်ရန်ကြောက်ရွံ့နေခြင်းနှင့် အစိုးရမှ နေအိမ်တွင်း၌နေထိုင်ရန် ထုတ်ပြန်မှုများကြောင့် စီးပွားရေးပြန်လည် ကောင်းမွန်ရန် အဆင်မပြေနိုင်ကြောင်း၊ စီးပွားရေး ပြန်လည်ကောင်းမွန်ရန်မှာ COVID-19 ကူးစက်မှုများ လျော့နည်းမှုနှင့်သာ အဓိကဆက်နွယ်လျှက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံများရှိ အစိုးရများအနေဖြင့် စီးပွားရေးနှင့် ပြည်သူများ၏ လူနေထိုင်မှုဘဝများအပေါ်ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် ငွေကြေးကဏ္ဍရှေရှည်တည်ငြိမ်မှုရှိရန် ဆောင်ရွက်နေမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အတွင်း ကမ္ဘာ့စီးပွားရေးမှာ (၁.၂) ရာခိုင်နှုန်း လျော့ကျမည်ဟု မြောက်အမေရိ၊ ဥရောပနှင့် အာရှနိုင်ငံတို့မှ စီးပွားရေးပညာရှင်များက ခန့်မှန်းထားကြောင်း၊ ဂျပန် အစိုးရမှလည်း ဂျီဒီပီ၏ (၅) ပုံ (၁) ပုံဖြစ်သည့် ဂျပန်ယမ်းငွေ(၁၀၈) ထရီလီယံထောက်ပံ့ရန် ၇-၄-၂၀၂၀ ရက်နေ့က အတည်ပြုခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ တွင်လည်း အမေရိကန်ဒေါ်လာ (၂) ထရီလီယံထောက်ပံ့ရန် အတည်ပြုခဲ့ကြောင်း၊ စင်ကာပူနိုင်ငံမှ ပံ့ပိုးမှုသည်လည်း (၃) လ ကြာမြင့်နေပြီဖြစ်ရာ ယခုအပတ် အတွင်း ဂျီဒီပီ၏ (၁၂) ရာခိုင်နှုန်းရှိသည့် စုစုပေါင်း စင်ကာပူဒေါ်လာ (၆၀) ဘီလီယံထိ သုံးစွဲလျှက်ရှိကြောင်း၊ မလေးရှားနိုင်ငံ တွင်လည်း လုပ်ခလစာများအတွက် ပံ့ပိုးပေးရန် ပထမအကြိမ် မလေးရှားရင်းဂစ် (၂၅၀) ဘီလီယံ သတ်မှတ်ထားရာမှ မလေးရှားရင်းဂစ် (၁၀) ဘီလီယံ ထပ်မံတိုးပေးလိုက်ကြောင်း၊ ထိုင်းငံတွင်လည်း ဂျီဒီပီ၏ (၉) ရာခိုင်နှုန်းရှိသည့် ထိုင်းဘတ်ငွေ (၁.၉) ထရီလီယံအား ၇-၄-၂၀၂၀ ရက်နေ့က ထပ်မံပံ့ပိုးခဲ့ကြောင်း၊ အရှေ့တောင်အာရှနိုင်ငံတွင် စီးပွားရေးအကြီးမား ဆုံးဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည်လည်း စီးပွားရေးနှင့် ကျန်းမာရေးအရေးပေါ်စောင့်ရေှာက်မှုများဆောင်ရွက်ရန် ဂျီဒီပီ၏ (၂.၅) ရာခိုင်နှုန်းရှိသည့် အင်ဒိုနီးရှား ရူပယ် (၄၃၆.၁) ထရီလီယံအား မကြာခင် ပံ့ပိုးသွားရန် ဆောင်ရွက်မည်ဟု ၇-၄-၂၀၂၀ ရက်နေ့တွင် ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း၊ အလုပ်အကိုင်များနှင့် ပြည်သူများ၏ လူနေမှုဘဝများ ထိခိုက်မှုများ ရှိနိုင်သောကြောင့် ဘဏ္ဍာရေးပိုင်းတွင် ထိခိုက် နိုင်မှုအများဆုံး အနေအထားတွင်ရှိသည့် နိုင်ငံများတွင် စီးပွားရေး ကျဆင်းမှုများနှင့် ဆက်နွယ်လျှက်ရှိသောကြောင့် ပြင်ပအဖွဲ့အစည်းများမှ အကူအညီများရယူရန် သတိထားသင့်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၈ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Bhavan Jaipragas က “Economic policymakers bring out fiscal bazookas” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြ ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News